ဝါးခယ်မ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စည်ပင် သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်း ဆောင်ရွက်သော ဘုရားလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်ကြောင်းသိရသည်။
ကျုံမငေးမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်းဆောင်ရွက်သော ဘုရားလမ်း ကွန်ကရစ်လမ်းသည် ကျုံမငေးမြို့၊ ကမ်းနားလမ်းနှင့် သီရိကျက်သရေလမ်းအား ဆက်စပ် နေသည့် လမ်းမကြီးတစ်ခုဖြစ်သည်။ ကျုံမငေးမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်း ဆောင်ရွက်သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကြောင်း သိရသည်။
ကျုံမငေးမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်းဆောင်ရွက်သော ဘုရားလမ်း ကွန်ကရစ် လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဘုရားလမ်း ကွန်ကရစ်လမ်းသစ်သည် အရှည် ၄၇၆ ပေ၊ အကျယ် ၂၄ ပေ၊ ထုထည် ၆ လက် မဖြစ်ပြီး ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် စည်ပင်ရန်ပုံငွေ ၄၉.၂၅ ကျပ်သိန်း၊ ပြည်သူလှူဒါန်းငွေ ၁၂၀ ကျပ်သိန်း စုစုပေါင်း ကုန်ကျငွေ ကျပ် ၁၆၉ သိန်းကုန်ကျပြီး ဇွဲဟိန်းမာန် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)