တောင်တွင်းကြီးမြို့နယ်၌ အဌမတန်း Grade-9 ကျောင်းသား၊ ကျောင်းသူ (၁၈၆၀)ဦး တို့ အင်္ဂလိပ်စာဘာရပ်အား အေးချမ်းစွာဖြေဆို

တောင်တွင်းကြီး မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို သတ်မှတ်ထားစာစစ်ဌာန (၉၂) ခု တို့တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား (၈၆၆) ဦး၊ ကျောင်းသူ (၉၉၄) ဦး၊ စုစုပေါင်း (၁၈၆၀)ဦး တို့အဂ်လိပ် စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့​ကြောင်း သိရသည်၊၊

စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၁၀၆၅)ဦး၊ ကျောင်းသူ (၁၁၀၉) ဦး၊ စုစုပေါင်း (၂၂၅၄)ဦး ရှိပြီး ကျောင်းသား(၂၀၅)ဦး၊ ကျောင်းသူ (၂၀၂) ဦး၊ စုစုပေါင်း (၄၀၇)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ သည်၊၊ တောင်တွင်ကြီးမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၂.၅၂ရာခိုင်နှုန်း​ဖြေဆိုကြရာ၊မတ်လ ၁၈ ရက်​နေ့တွင် အဂ်လိပ်စာ၊ မတ်လ ၁၉ ရက်​နေ့တွင် သချ်ာ၊ မတ်လ ၂၁ ရက်​နေ့တွင် ပထဝီဝင်၊ မတ်လ ၂၂ ရက်​နေ့တွင်သမိုင်း၊ မတ်လ ၂၃ ရက်​နေ့တွင် အ​ထွေ​ထွေသိပ္ပံဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ​ ဖြေဆိုကြရမည်ဖြစ်သည်။

ထိုသို့မြို့နယ်အတွင်း၌ အ​ခြေခံပညာအလယ်တန်း​ကျောင်းနှင့် အ​ခြေခံပညာအထက်တန်း​ကျောင်းများတွင်​ ကျောင်းသား၊​ ကျောင်းသူများ စိတ်​အေးချမ်းသာစွာ စာ​မေးပွဲ​ဖြေဆိုနိုင်ရန် အတွက် စာ​မေးပွဲ​ဖြေဆို​နေမှုများနှင့်​​ ကျောင်းများတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ​ ဆောင်ရွက်ထားမှု အခြေအ​နေများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးတို့ က ကွင်ဆင်းစစ်​ဆေး​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

​နိုင်ဝင်း(ပြန်/ဆက်)