ဘားအံ မတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က အိုဇုန်းလွှာ၏ အရေးပါမှုအခြေအနေ၊ ကမ္ဘာ့လေထုအလွှာများ၊ အိုဇုန်းမော်လီကျူး ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်း များအစား အစားထိုးသုံးစွဲမည့်ဓာတုပစ္စည်းများ၊ လေထုထဲတွင် မှန်လုံအိမ်အာနိသင်ဓာတ်ငွေများ များပြားလာသောကြောင့် ကမ္ဘာကြီးပူနွေးလာပုံ၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲပုံ၊ ရာသီဥတုပြောင်းလဲခြင်းအကျိုးသက်ရောက် မှုများ၊ စိုက်ပျိုးသီးနှံများပျက်စီးခြင်း၊ ရေရရှိမှုခက်ခဲခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့်ဇီဝမျိုးတုန်း ပျောက်ကွယ် ခြင်း၊ သဘာဝဘေး အန္တရာယ်များအကြောင်းနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ဘားအံမြို့အ-မ-က (အိမ်တိုင်ကုန်း) ကျောင်းမှ ကျောင်းသား/ သူများက လာရောက်လေ့လာမှတ်သားကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)