ရေဦး မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သု့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေ၀င်း က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာငှားစနစ်အေကြာင်းကို ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေ၀င်း၊ အထက်တန်း ကျောင်းသူ၊ ကျောင်းသား နှစ်ဦးတို့က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့် အခွင့်အလမ်း" စာအုပ် ကို ဖတ်ကြားခဲ့သည်။
ထိုသို့ဖတ်ကြားခဲ့ပြီး အတွေးအမြင်များဆွေးနွေးဖလှယ်ခဲ့ကြရာတွင် "လူငယ်နှင့်အခွင့်အလမ်း" စာအုပ်မှ ကံကံ၏အကျိုး၊ လူ့တန်ဖိုး၊ အဆိုးနဲ့အကောင်း "ခေါင်းစဉ်များမှ ငြိမ်းချမ်းမှုကို ပျက်စီး စေသည့်အရာ၊ တန်ဖိုးရှိသည့်လူတစ်ယောက်ဟူသည်နှင့် မနောကံသည် အခြေခံအရင်းအမြစ် ကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)