စုကလိ မတ် ၁၈
စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသော အတွေးအမြင်များအား ပြန်လည်အသုံးချတက်စေရန်လည်းကောင်း၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်တက်စေရန်လည်းကောင်း စာပေချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာဖတ်ဝိုင်းအား စုကလိမြို့လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက် ထောက်-၃ ဒေါ်ပိုပိုအောင်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင်ဦးစိုးသက်ဝေမှ နားအေးပါးအေးခေါင်းစဉ်ဖြင့် ဆောင်းပါးအားလည်းကောင်း၊ ဦးစည်သူကျော်မှ လူငယ်တွေမအအောင်လို့ ဆောင်းပါးဖြင့်လည်းကောင်း၊ ဦးဇင်ပိုင်မှ နောင်လာနောက်သား တို့ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းများအား စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် တစ်လလျှင် တစ်ကြိမ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုပိုအောင် (ပြန်/ဆက်)