အမာ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ဆေးခန်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉) နာရီမှ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား (ပထမအကြိမ်)အဖြစ် လည်းကောင်း၊ ပထမအကြိမ် ထိုးပြီးသူများကို (ဒုတိယအကြိမ်)အဖြစ် လည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)