စလင်း မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ယာယီပျံကျစျေးနှင့် မြို့မ စည်ပင်သာယာစျေးတို့တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် စျေးရောင်း/စျေးဝယ် လာကြသည့် ပြည်သူမျာအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၇ နာရီ အချိန်မှစတင်ကာ စလင်းမြို့ ယာယီပျံကျဈေးနှင့် မြို့မစည်ပင်သာယာဈေးကြီးတို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ စျေးရောင်းစျေးဝယ်လာကြသည့် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများကို ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေး မှတ်တမ်းတွင် စာရင်းများရေးသွင်းစေခြင်း ကာကွယ်ဆေးထိုးနှံပြီးချိန်တွင်လည်း ခေတ္တအနားယူစေခြင်း စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်းနှင့် QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးရုံး ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။
စလင်းမြိုနယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့် ကာကွယ်ဆေး ထိုးနှံခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ ဦးဆောင် ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ ယာယီပျံကျစျေးနှင့် စလင်းမြို့မ စည်ပင်သာယာစျေးတို့တွင် အရှိန်အဟုန်မြှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး အတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မောင်လွင်(စလင်း)