ကြံခင်း မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေး (တတိယပတ်) လှုပ်ရှားမှုအဖြစ် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်ခန့်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးအတွင်း လူစည်းကားရာနေရာများတွင် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ မဖြစ်မနေ အိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရန်၊ လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောရန် စသော ကျန်းမာရေးညွှန်ကြားချက်များကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးဌာန နည်းစနစ်မှူး (မြို့နယ်တာဝန်ခံ) ဒေါ်ခင်မိုးဝါနှင့် တာဝန်ရှိသူများ၊ အားကစားအဖွဲ့များမှ "လက်ဆေးပါ"၊ "Myanmar Fitness Dance" အကများဖြင့် အသိပညာပေးခဲ့ကြကြောင်း သိရသည်။
ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့်ပူးပေါင်းပြီ နှာခေါင်းစည်း Mask အခု(၂၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုး