သာယာဝတီ မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(ဒုတိယ)နေ့ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက ကျောင်းသား/သူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင်အခြေခံပညာ ကျောင်းပေါင်း(၁၉၀)ကျောင်းနှင့် ဘ/က ဘုန်းတော်ကြီးသင်ကျောင်း (၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၁၉၄) ကျောင်း ရှိရာ Grade- 4 မှ Grade- 11 အထိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများတွင် စာစစ်ဌာနများ ဖွင့်လှစ်၍ ဖြေဆိုလျက် ရှိကြောင်း၊ Grade-9 ကျောင်းသားကျောင်းသူများအတွက် စာစစ်ဌာန (၃၉) ခုဖွင့်လှစ်၍ ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ (၁၁၃၆)ဦး ၊ ၉၉ ဒဿမ ၃ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆို ကြောင်း သိရသည်။
သာယာဝတီမြို့အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲအား အေးချမ်းသာယာစွာနှင့် အောင်မြင် ချောမွေ့စွာ ဖြေဆိုနိုင်ရေးကျောင်းအတွင်း/အပြင်လုံခြုံရေး၊ ကျောင်းသား/ သူများ၏ လုံခြုံရေးအား မြို့အဆင့်ဌာန ဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ထိုနှစ်ဆုံးစာမေးပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ (Grade-9)/ (Grade-10)/ (Grade-11) ကျောင်းသား/သူများက ဖြေဆိုလျက်ရှိပြီး နေ့လယ် ၁ နာရီမှ ၃ နာရီ ၁၅ မိနစ်အချိန်ထိ (Grade-4)/ (Grade-6)/(Grade-7)/ (Grade-8) ကျောင်းသား/သူများ ဖြေဆိုရမည်ဖြစ်ကြောင်း အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကျင်းပခြင်းကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သန့်ဇော် (သာယာဝတီ)