ပေါင်းတည်မြို့နယ်တွင် မတ်ပဲစိုက်တောင်သူများ မတ်ပဲစျေးကောင်းရရန် မျှော်လင့်နေ

ပေါင်းတည် မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဘိုးသာအောင်ကုန်းအုပ်စု၊ ကန်သာရွာတွင် မတ်ပဲစိုက်တောင်သူများ မတ်ပဲများရိတ်သိမ်းပြီးရောင်းချချိန် စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မတ်ပဲစိုက်တောင်သူဦးမောင်ဝင်းက ကျွန်တော်က မတ်ပဲ၃ဧကစိုက်ထားတာ ရာသီဥတုလည်း မှန်ပြီးမြေဆီလွှာပျော့တဲ့ အတွက် စိုက်ချိန်နည်းနည်းနောက်ကျတယ်၊ ကြွက်ကိုက်တဲ့အတွက် အထွက်နှုန်းက တစ်ဧက ၁၅ တင်းနှုန်းထွက်တယ် ပြီးခဲ့တဲ့နှစ်က တစ်ဧက တင်း ၂၀ နှုန်းထွက်တယ် ဒီနှစ်နည်းနည်းလျော့သွားတယ် စိုက်ရတာလဲအဆင်ပြေပါတယ် စိုက်ပျိုးစရိတ် ကုန်ကျမှုများသည့်အတွက် ဝင်ငွေလျော့နည်းသွား​ကြောင်း ယခင်နှစ်က မတ်ပဲတစ်တင်း ၃၃၀၀၀မှ ၇၀၀၀၀ထိ စျေးတက်တယ်၊ ခုနှစ်စပေါ်ချိန်မှာ ၄၅၀၀၀ကျော်နေပြီဖြစ်၍ ယခုနှစ်တွင် စျေးကောင်းရရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။

အေးအေးဆင့်