လက်ပံတန်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အတန်းတင်စာမေးပွဲ စတင်ဖြေဆို

လက်ပံတန်း မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိရာ လက်ပံတန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၂၀၇ ကျောင်းမှ ကျောင်းသားကျောင်းသူများ အတန်းတင်စာမေးပွဲကို မိမိတို့သက်ဆိုင်ရာ ကျောင်းများ အလိုက် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲများကို စတုတ္ထတန်းမှ သတ္တမတန်းအထိ ကျောင်းသားကျောင်းသူများ တစ်နေ့လျှင် နှစ်ဘာသာနှုန်း ဖြေဆို ရမည်ဖြစ်ပြီး အဋ္ဌမတန်းမှာ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်သာ ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် ပြန်/ဆက်