နတ်တလင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသားကျောင်းသူများ နှစ်ဆုံးစာမေးပွဲအား ယနေ့နံနက်ပိုင်းမှစ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ၏ နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာကျင်းလျက်ရှိကြောင်း Grade-9 ကျောင်းသားကျောင်းသူ များအား စာစစ်စင်တာ ၂၅ ခုဖွင့်လှစ်၍ကျင်းပခဲ့ရာ Grade 9 ကျောင်းသား ကျောင်းသူ ၆၁၆ ဦး ၈၂ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ကြောင်း Grade- 4 မှ Grade- 11 အထိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာကျောင်းများတွင် စာစစ်ဌာနများ ဖွင့်လှစ်၍ ကျင်းပပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဝေယံဖြိုး