ကျောက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်

ကျောက်ကြီး သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသစျေးအတွင်းနှင့် လမ်းဆုံလမ်းဂွများ၌ ယမန်နေ့ နံနက်(၉) နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြ သည်။                                                

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအား စည်းကမ်းလိုက်နာစွာဖြင့် လမ်းမများပေါ်၌ လည်းကောင်း ရပ်ကွက်အတွင်းရှိ လမ်းသွယ် လေး များပေါ်၌လည်းကောင်း သွားလာခြင်း မပြုဘဲ မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စရပ်များမှအပ အိမ်အပြင်သို့ ထွက်ခွာခြင်း မပြုဘဲ နေအိမ်များ၌ စည်းကမ်းရှိစွာ နေထိုင်၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လက်ကို ဆပ်ပြာဖြင့် မကြာခဏ စက္ကန့်(၂၀) ပုံမှန်ဆေးခြင်းဖြင့် ကာကွယ်ခြင်း ၊ လူထူထပ်သည့် နေရာများသို့မသွားဘဲ မိမိအိမ်တွင် တတ်နိုင် သမျှ နေထိုင်ရေး ၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက Mask တပ်ထွက်ကြဖို့စသည့် အချက်များကို ပြည်သူများသို့ အသိပေးပြောကြားခဲ့ပြီး Mask များ အခမဲ့ တပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

K ခိုင် (ပြန်/ဆက်)