ထားဝယ်မြို့တွင် ကမ်းနီး/ကမ်းဝေးငါးလုပ်ငန်းရေပြင်နှင့် သတ်မှတ်မျဉ်းပြရေပုံ၊ ငါးဖမ်းငါးသယ်ရေယာဉ်ပိုင်ရှင်များ နှင့်ရေယာဉ်မှူးများလိုက်နာရမည့်စည်းကမ်းချက်များအား သိရှိနိုင်ရေးချပြရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ထားဝယ် သြဂုတ် ၃၁

ကမ်းနီး/ကမ်းဝေးငါးလုပ်ငန်းရေပြင်နှင့် သတ်မှတ်မျဉ်းပြရေပုံ၊ ငါးဖမ်းငါးသယ်ရေယာဉ်ပိုင်ရှင်များ နှင့် ရေယာဉ်မှူးများလိုက်နာရမည့် စည်းကမ်းချက်များအား သိရှိနိုင်ရေးချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး၌ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူးဦးစိုးမြင့်သိန်းက မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေပုဒ်မ ၂၃ တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ တရားမဝင်ငါးဖမ်းဆီးခြင်းလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်၊ ငါးသယံဇာတပြုန်းတီးမှုကာကွယ်ရန်နှင့် ငါးလုပ်ငန်းများ စနစ်တကျလုပ်ကိုင် ဆောင်ရွက်ကြစေရန်အတွက် ငါးဖမ်း၊ ငါးသယ်ရေယာဉ်ပိုင်ရှင်များနှင့်ရေယာဉ်မှူးများ လိုက်နာရမည့်ညွှန်ကြား ချက်ကိုထုတ်ပြန်ထားရှိကြောင်း၊ ဦးစီးဌာန၏ ခွင့်ပြုချက်မရှိပဲရေယာဉ်ပေါ်ရှိ E-MTU/Transponder(VMS ကိရိယာ) အားဖြုတ်ယူခြင်းနှင့် ရေယာဉ်ပေါ်မှအခြားရေယာဉ် သို့မဟုတ် အခြားနေရာသို့ပြောင်းရွှေခြင်း၊ပြုပြင်မွမ်းမံခြင်း သို့မဟုတ် သတင်းအချက်အလက်ကိုဖြစ်စေ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကိုပြုလုပ်ထားကြောင်းစိစစ်တွေ့ရှိရ ပါကစည်းကမ်းပျက်ငါးဖမ်းရေယာဉ်အဖြစ် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ငါးဖမ်း/ ငါးသယ်ရေယာဉ်သည် ပင်လယ်ပြင်တွင် လုပ်ကိုင်ဆောင်ရွက်နေစဉ်တည်နေရာသတင်းအချက်အလက်ပေးပို့မှုမရှိပါက(၄)နာရီအတွင်း တည်နေရာ သတင်း အချက်အလက်ပြန်လည်ပေးပို့စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊(၄)နာရီထက်ကျော်လွန် ၍ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါက VMS Control Centre နှင့် ငါးလုပ်ငန်းဦးစီးဌာနများ က အကြောင်းကြား သည့်အချိန်မှ(၄၈)နာရီအတွင်း နီးစပ်ရာစစ်ဆေးရေးစခန်း(သို့) သတ်မှတ်ပေးသည့် နေရာသို့ပြန်လည်ဝင်ရောက် သတင်းပေးပို့စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း၊ ဝင်ရောက်စစ်ဆေးမှုခံယူခြင်းမရှိပါက ပြစ်ဒဏ်များ အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း၊ ကမ်းနီး/ကမ်းဝေးငါးလုပ်ငန်းရေပြင်နှင့်သတ်မှတ်မျဉ်းပြရေပုံ၊ငါးဖမ်းငါးသယ် ရေယာဉ်ပိုင်ရှင်များ နှင့် ရေယာဉ်မှူးများ လိုက်နာရမည့်စည်းကမ်းချက်များအားသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ စည်းကမ်းချက်များနှင့် ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်းပြောကြားသည်။

ထိုနောက် တက်ရောက်လာသော ငါးဖမ်းငါးသယ်ရေယာဉ်ပိုင်ရှင်များနှင့် ရေယာဉ်မှူးများက သိရှိလိုသည်များကိုမေးမြန်းရာ ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထားဝယ်(ခရိုင်-ပြန်/ဆက်)