ပေါင်းတည်မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaignပြုလုပ်၍ အခမဲ့ပေးအပ်

ပေါင်းတည်  သြဂုတ်  ၃၁

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ပူးပေါင်းအဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေး အတွက် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့နံနက် စတင်၍ မြို့မစျေး ကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင်လမ်းများ အနှေးယာဉ်သုံးဘီးယာဉ်ဂိတ်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

အဆိုပါ Mask Campaign ဦးဆောင်သူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကိုဗစ်၁၉ရောဂါပြန့်ပွားမှု အားထိန်းချုပ်ကာကွယ်ရေး မြို့နယ်အတွင်း ရောဂါကူးစက်မှုမရှိစေရေး ဒေသခံပြည်သူများအနေဖြင့် ကျန်းမာဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သိရှိလိုက်နာ နိင်စေရေး လက်ကို မကြာခဏ စနစ်တစ်ကျ ဆေးကြော ကြရေးနှင့်အပြင် ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ကြရေး လူစုလူဝေးများ ရှိရာ နေရာများသို့ သွားလာနေထိုင်ခြင်းများမပြုလုပ်မစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်းပူးပေါင်း အဖွဲ့များ အဖြစ်မြို့နယ်ရဲ တပ်ဖွဲ့ မြို့နယ် ပြန်/ဆက် ဦးစီးဌာနမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် စျေးတာဝန်ခံများပါဝင် ဆောင်ရွက်ခဲ့ပြီး အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော် ကြေညာပေးခြင်း အသိပညာပေး လက်ကမ်း စာစောင်(၅၀၀)နှင့် Maskနှာခေါင်းစည်း(၁၅၀)ခုကိုစျေးများနှင့်စျေးပတ်ဝန်းကျင် လမ်းများနှင့် စျေးသို့ လာရောက်ရောင်းချသူဝယ်ယူသူများထဲမှ နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများအားပညာပေး ဆောင်ရွက် ကာ အခမဲ့တပ်ဆင်ပေးခဲ့ပြီး​ အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား သည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်