ဘုရားသုံးဆူမြို့တွင် တပေါင်းလပြည့်နေ့၌ ဓမ္မဂိရိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ငှက်မြတ်နာတော် တင်လှူပူဇော်ပွဲအခမ်းအနားကိုစည်းကား သိုက်မြိုက်စွာကျင်းပ

ဘုရားသုံးဆူ  မတ် ၁၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့၊ ဓမ္မဂိရိတောင်ပေါ်၌ တည်ထားကိုးကွယ်သော ဓမ္မဂိရိစေတီတော်မြတ်ကြီးကို (၂၅)နှစ်ပြည့် အသစ်တဖန်စိန်ဖူး တော်နှင့်ငှက်မြတ်နာတော် တင်လှူ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီချိန်ကကျင်းပခဲ့သည်။

ရှေ့ဦးစွာ ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ မင်္ဂလာအချိန်၌ ဓမ္မဂိရိစေတီတော်မြတ်တွင်  စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို လက်ယာရစ်လှည့် လည်အပူဇော်ခံပြီး ဘုရားသုံးဆူမြို့တိုင်တစ်ရာကျောင်းတိုက်ဆရာတော်၊ ရေးမြို့နယ် ကိုရင်လေး ဆရာတော်၊ ဧည့်သည်‌ သံဃာတော် တို့မှရွှေစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့အား ဓမ္မဂိရိတောင်ပေါ်တွင် တင်လှူပူဇော်ဌာပနာပိတ်ပြီး နံနက် ၁၀:၄၅ မိနစ် အချိန်တွင် စိန်ဖူး တော်၊ ငှက်မြတ်နာတော် အသစ်တင်လှူပူဇော်ပွဲ ရေစက်ချအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)