မြန်အောင် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ယနေ့ နံနက်မှစ၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းဆင့် (အဋ္ဌမတန်း) (Grade-9) စာမေးပွဲစတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းဆင့် (အဋ္ဌမတန်း)(Grade-9) စာမေးပွဲကို မြန်အောင်မြို့နယ်အတွင်း စာစစ်ဌာန ကျောင်းပေါင်း(၂၀)တွင် စာရင်းရှိ ကျောင်းသား (၅၅၃) ဦး၊ ကျောင်းသူ(၆၆၄)ဦး စုစုပေါင်း(၁၂၁၇)ဦးရှိရာ မြန်မာစာ ဖြေဆိုသူ ကျောင်းသား(၄၃၅) ဦး၊ ကျောင်းသူ(၅၄၃)ဦး စုစုပေါင်း (၉၇၈)ဦးရှိပြီး စာမေးပွဲဖြေဆိုသူ ၈၀.၃၆% ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းဗိုလ်