ဟားခါးမြို့၌ ပြည်သူ ၅၂ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၊ ၆ ဦးပြန်လည်ကျန်းမာလာ

ဟားခါး မတ် ၁၇

ဟားခါးမြို့၌ ယမန်နေ့က ပြည်သူ ၅၂ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၆ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

အလားတူ ပလက်ဝမြို့နယ်တွင်လည်း ပြည်သူ ၅၃ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်။

ဟားခါးမြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ယနေ့အထိ (ကိုဗစ်-၁၉ စတုတ္ထလှိုင်း‌) Test Kit ဖြင့် စစ်ဆေးသူ ၃၂၂၂ ဦး၊ ပိုးတွေ့သူ ၃၁၅ ဦး၊ သေဆုံးသူ ၂ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၂၉၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၅ ရှိကြောင်း သိရသည်။

(မောင်တက်လမ်း)