အင်းတော် ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီ ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကပ်ထားကြေညာထား ကြောင်း သိရှိရသည်။
အင်းတော်မြို့နယ် အနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံ ( ၈၄ ) ရုံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပထမအကြိမ် ကပ်ထားကြေညာပြီးသည့် မဲဆန္ဒရှင်စာရင်းအား ပြင်ဆင် ဖြည့်စွက်ပြီး မဲစာရင်းအရ မဲဆန္ဒရှင် ဦးရေပေါင်း ( ၉၂၃၉၃ ) ဦးရှိကြောင်း၊ အင်းတော်မြို့နယ် မဲဆန္ဒနယ်မြေ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော် မဲဆန္ဒနယ်မြေ အမှတ် ( ၂ ) တွင် ကိုယ်စားလှယ် ဦးရေ ( ၄ ) ဦး၊ ပြည်သူ့လွတ်တော်တွင် ကိုယ်စားလှယ် ဦးရေ ( ၅ ) ဦး၊ တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် အမှတ် ( ၁ ) တွင် ကိုယ်စားလှယ်ဦးရေ ( ၅ ) ဦး၊ တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် အမှတ် ( ၂ ) တွင် ကိုယ်စားလှယ်ဦးရေ ( ၇ ) ဦး ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားလှယ်လောင်းများ အမည်စာရင်းအား အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကြော်ညာသင်ပုန်းတွင် ကပ်ထားကြေညာထားရှိသွားမည် ဖြစ်ကြောင်း အင်းတော်မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးဘုန်းမြင့်က ပြောပြခဲ့သည်။
ကျော်သီဟ