လေးမျက်နှာမြို့နယ် ဘုတ်ချောင်းကျေးရွာတွင် ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်

လေးမျက်နှာ  ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင် မွေးမြူ ရေးလုပ်ကိုင်သူများ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် ( CERP) အရဖွင့် လှစ်သော ကြက်မွေးမြူရေးသင်တန်းကို ယနေ့ မွန်းလွဲ (၂) နာရီက ဘုတ်ချောင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး  ဒေါက်တာနှင်းနွယ်နီက မြို့နယ်အတွင်း ( CERP) အရ ပညာပေးသင်တန်းအမျိုးအစား(၆)မျိုး ဖြစ်သည့် နွားမေထုံမဲ့သားစပ်သင်တန်း၊ ကြက်မွေးမြူ ထုတ်လုပ်မှုသင်တန်း ၊ သိုး ၊ ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်း ၊ ကျွဲ ၊ နွား မွေးမြူထုတ်လုပ်မှုသင်တန်း ၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင် တန်းတို့မှကြက်မွေးမြူရေးသင်တန်းကိုပို့ချပေးမည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ကိုင်သူများ စနစ်တကျမွေးမြူတတ်ရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆိုပါ သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။

သင်တန်းတွင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာနှင်းနွယ်နီကအောင်မြင်သော မွေးမြူရေးလုပ်ငန်းဖြစ်ရန် မျိုး​ကောင်းမျိုးသန့်​ ရွေးချယ်နည်း၊ ​မွေးမြူ​ရေးခြံ​ဆောက်လုပ်နည်း၊ အစာအဟာရ​​ကျွေးနည်း၊ ​​ရောဂါကာကွယ်ကုသနည်း၊ ဈေးကွက်သို့ ​တင်ပို့နိုင်သည်အထိ အနာ​ရောဂါကင်းရှင်း​ရေး ​ဆောင်ရွက်နည်းတို့ကို စာ​တွေ့လက်​တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ဘုတ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ (၂၀)ဦးတက်ရောက် သင်ကြားပြီး သင်တန်းကာလမှာသုံးရက်ကြာသင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)