ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တောင်ငူခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူပေး

တောင်ငူ  ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် တောင်ငူခရိုင်ဦးစီးမှူး ရုံးသစ်၊ ရေတာ ရှည် မြို့နယ်၊ ဆွာမြို့၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နှင့် ကျောက်ကြီးမြို့နယ်၊ နတ်သံ ကွင်း မြို့တို့ တွင် COVID-19​ ရောဂါအသိပညာပေး ဆိုင်းဘုတ်စုစုပေါင်း(၄)ခုအား စိုက်ထူ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆိုင်းဘုတ်များ အား COVID-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်​ပွားစေရန်၊ ပြည်သူများအကြား COVID-19 ​ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်နှင့် ​ဆောင်ရန်၊ ရှောင်ရန်များကိုသိရှိနိုင်စေရန် အတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထား​သော အသိ​ပေး​ကြေငြာချက်များကို ပဲခူးတိုင်း​ဒေသကြီး ပြည်သူ့ ကျန်းမာ​ရေးနှင့် ကုသ​ရေးဦးစီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများပူး​ပေါင်း၍​ စိုက်ထူဆောင်ရွက် ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူကပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိ​ပေး​ကြေငြာ ချက်များကို လိုက်နာခြင်း အားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှ တစ်ခု ထိုမှတစ်ဆင့် တိုင်း​ဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ​ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန် ကူညီရာ​ရောက်သည့်အပြင် စီးပွား​ရေး၊ လူမှု​ရေး၊ ပညာ​ရေးနှင့် အဘက်ဘက်​သောကဏ္ဍများ၌ ဖွံ့ဖြိုးမှုအရှိန်ကိုပြန်လည် ရရှိ​စေနိုင်ရန် အ​ထောက်အကူဖြစ်​စေမည် ဖြစ် ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)