ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်

ရေဖြူ  မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ဖေဖော်ဝါရီ (၁၃)ရက်မှ (၁၄)ရက်နေ့အထိ ၂ ရက်တာအချိန်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဇာဒီကျေးရွာ၊ အခြေခံအထက်တန်း‌ကျောင်း၌  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများ က ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်(၉၅)ဦး၊  အသက်(၁၈) နှစ်ပြည့်(၃၁)ဦး ပြုလုပ်ပေးခြင်း၊ အသက်(၁၈) နှစ် ပြည့်လဲလှယ်ပေးခြင်း(၂၉)ဦး၊ မိတ္တူ(၁၃)ဦး စုစု‌ပေါင်း (၁၆၈)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး အိမ်‌ထောင်စု(၈၅)စာ အိမ်ထောင်စုစာရင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရေဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများက ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များအား မင်းသား ကျေးရွာ  ပြည်သူများသို့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းကို  ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ခတ်တာ