ကန့်ဘလူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဧက ၂၀၀ စိုက်ပျိုး ပြီးစီး

ကန့်ဘလူ  ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၀) ထွန်စက် စခန်းမှ ကျေးရွာပြည်သူ(တောင်သူ)များ မိုးစပါးများအချိန်မီစိုက်ပျိုးနိုင်ရန်နှင့် လယ်ယာလုပ်သား ရှားပါးမှုကို ကူညီဖြေရှင်းပေးသည့်အနေဖြင့် ကောက်စိုက်စက်နှစ်စီးဖြင့် ဝန်ဆောင် မှုပေး ခြင်းလုပ်ငန်းများကို ဩဂုတ်လ ဆန်းပိုင်းမှယနေ့အထိ စိုက်ပျိုးပေးခဲ့ရာ ဧက ၂၀၀ စိုက်ပျိုးပြီးစီးခဲ့ ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းထံမှသိရသည်။

ထိုသို့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ စိုက်ပျိုးမှု ကုန်ကျစရိတ် များ၊လယ်ယာလုပ်သားရှားပါးမှုနှင့်အချိန်ကုန်သက်သာခြင်းများကို ဖြေရှင်းနိုင်ပြီး အချိန်ပြည့် ကောက်စိုက်စက် ဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်။

ထို့ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားညီညာခြင်း၊ လေဝင်လေထွက် ကောင်း မွန်ခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ခြင်း၊ အထွက်နှုန်းများလည်းကောင်းမွန်လာနိုင်ခြင်းများကြောင့် လယ်ယာကဏ္ဍတွင် လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို မိုးကြိုးကျေးရွာ၊ ရေကြည် ကျေးရွာ၊ဒါန်းပင်ကျေးရွာ၊မင်းကုန်းကျေးရွာနှင့်ကြိုးကြာကျေးရွာတို့ရှိတောင်သူလယ်သမားများ၏မိုးစပါးစိုက်ပျိုးဧက ၂၀၀ ကိုစိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)