ပေါင်းတည် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း မိသားစုများ ၏(၈၈)ကြိမ်မြောက် ဝါတွင်းသံဃဒါနဆွမ်းလောင်းလှူခြင်းကို ယမန်နေ့ နံနက် ၄နာရီက အဆိုရုံးရှေ့၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွမ်းလောင်းလှူရာတွင် ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေလင်းနိုင်အမှူးပြု၍ အမှုထမ်းအရာထမ်း ရုံးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများ ပါဝင် လှူဒါန်း မှုနှင့်အတူ ပေါင်းတည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၅)ကျောင်းတွင် ဝါဆိုဝါကပ် တော်မူကြသည် ့သံဃာတော်များ သီလရှင်စာသင်တိုက်နှင့် ပေါင်းတည်ဘိုးဘွားရိပ်သာမှ အဘိုးအဘွားအပါအဝင် စုစုပေါင်း(၂၅၀)ကျော်အား ဆွမ်း၊ငါးကြော်နှပ်နှင့်ငါးပိချက် တို့စရာ လှူဖွယ် ပစ္စည်းတို့အား အရုဏ်တက်ချိန်မှစတင်၍ သံဃဒါနအဖြစ်ဆွမ်းနှင့် ဟင်းများကို စုပေါင်း လောင်းလှူခဲ့ကြကြောင်းသိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)