အင်းတော် ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ မိုးလှိုင်း ကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကသာခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ် မှုဖြင့် ဖွင့်လှစ်ခဲ့သော ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် ( Good Aquaculture Practices ) (GAqP) နည်းပညာပေးသင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန် နေ့နံနက် ၁၁ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန် နှင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင်တို့က အမှာစကားများ အသီးသီး ပြောကြား ခဲ့ကြသည်။
ထိုသို့ ပြောကြားရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးက မိမိ အနေဖြင့် ယခုကဲ့သို့ ဒေသအတွင်း နည်းပညာပေးသင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် သင်ကြားပို့ချပေး လိုက်သည့် သင်ခန်းစာများအား လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိရှိ ကြံဆအသုံးပြုကြခြင်း ဖြင့် ဘဝတိုးတက်အောင်မြင်မှုများကို ရရှိလာနိုင် မည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြား ခဲ့သည့် သင်ခန်းစာများ၊ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် သင်ခန်းစာများ ကိုလည်း မိမိပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်း ပြန်လည်ဖြန့်ဖြူး သင်ကြား ပေးစေလိုကြောင်း၊ သို့မှသာ ဒေသအတွင်း ငါးသယံဇာတများ ပိုမိုပေါများလာပြီး၊ အဆင့်အတန်းမြင့် အရည် အသွေးမြင့် ထုတ်ကုန်များ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သင်တန်းသား သင်တန်း သူများအား သင်တန်းဆင်းလက်မှတ် များကို အသီးသီးပေးအပ်ခဲ့ကြပြီး၊ သင်တန်း သားများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ပေပင် ကျေးရွာမှ သင်တန်းသား ( ၂ ) ဦး၊ မိုးလှိုင်းကုန်းကျေးရွာမှ သင်တန်း သား ( ၂၀ ) ဦး စုစုပေါင်း သင်တန်းသား ( ၂၂ ) ဦး တက်ရောက် သင်ကြားခဲ့ကြပြီး သင်တန်း ကာလမှာ ( ၃ ) ရက် ကြာမြင့် ခဲ့ကြောင်း သိရသည်။
ကျော်သီဟ(အင်းတော် ပြန်/ဆက်)