ဟားခါး မတ် ၁၅
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်−၁၉ ဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကာကွယ်ရေးအတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအခြေခံစည်းမျဉ်း ၊ စည်းကမ်းများကို တိကျစွာ လိုက်နာရန်လိုကြောင်း ၊ မြို့ဝင်ထွက် ဂိတ်များတွင် RDT ဖြင့် ကိုဗစ်−၁၉ ရောဂါ ရှာဖွေစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ဥက္ကဋ္ဌ ၊ သိက္ခာတော်ရ ဆရာတော် စတီဗင်လျန်ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုအခြေအနေ၊ အသက်(၁၈)နှစ်အထက် မြို့ပေါ်/ ကျေးလက်လူဦးရေနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ၊ မြို့နယ်အလိုက် ကိုဗစ်−၁၉ ကာကွယ်ဆေးလက်ကျန်နှင့် ထပ်မံလိုအပ်မှုအခြေအနေ၊ လေယာဉ် ၊ ရဟတ်ယာဉ်ဖြင့် ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များ ပို့ဆောင်မည့်အခြေအနေများကို Power Point ဖြင့် ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကာကွယ် ဆေးထိုးနှံနိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ကိုဗစ်−၁၉ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လူမှုရေးဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က ပခုက္ကူမြို့နှင့် ကလေးမြို့ရောက်ရှိပြီးဖြစ်သည့် ချင်းပြည်နယ်အတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာ မြို့နယ်များသို့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ရဟတ်ယာဉ် တင်ပြတောင်းခံရေး၊ ဟားခါးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံရှိ Quarantine Centre တွင် ရေရရှိရေးအတွက် တင်ပြသည့် ရန်ပုံငွေများ ခွင့်ပြုရေးကိစ္စတို့ကို အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ဌာနဆိုင်ရာကားများဖြင့် သွားလာရာတွင် လုံခြုံရေး အထူးဂရုစိုက်ဆောင်ရွက်ရေး၊ လာမည့် ဧပြီလကုန်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အလိုက် ကျေးရွာများစာရင်း အပါအဝင် အချက်အလက်များ ပြုစုမှုနှင့် စီမံချက် အောင်မြင်ရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်မှု အခြေအနေ၊ လုံခြုံရေးအခြေအနေအရ သွားလာရန် ခက်ခဲသည့် ဒေသများတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာဘာသာရေး အဖွဲ့အစည်း များနှင့် ညှိနှိုင်းပေါင်းစပ်ရေးကိစ္စ၊ ကာကွယ်ဆေးထိုးစုရပ်များသတ်မှတ်ရေးနှင့် ကာကွယ်ဆေး ထိုးအဖွဲ့များ စုဖွဲ့ထားရှိရေးကိစ္စ၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လုံခြုံရေးလိုအပ်သည့် ကျေးရွာစာရင်း ပြုစုတင်ပြရေးနှင့် သက်ဆိုင်ရာဝန်ကြီးများက ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အောင်မြင်ရေးအတွက် အကြံပြု ဆွေးနွေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစာကား ပြောကြားခဲ့ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)