ဟားခါး မတ် ၁၅
ဟားခါးမြို့၌ မတ်လ ၁၅ ရက်နေ့က ပြည်သူ ၇၂ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၁၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အလားတူ တီးတိန်မြို့နယ်တွင်လည်း ပြည်သူ ၁၀၁ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင်လည်းကောင်း၊ ပလက်ဝမြို့နယ်တွင် ၂၄ ဦးစစ်ဆေးရာ ၄ ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၁ ဦးသေဆုံးသည်။
ဟားခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ယနေ့အထိ (ကိုဗစ်-၁၉ စတုတ္ထလှိုင်း ) Test Kit ဖြင့် စစ်ဆေးသူ ၃၁၇၀ ဦး၊ ပိုးတွေ့သူ ၃၁၂ ဦး၊ သေဆုံးသူ ၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၉၂ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၈ ရှိပြီး ပြည်သူ့ဆေးရုံတွင် ၁၂ ဦး၊ ကာဆင်ခန်းမတွင် ၆ ဦးလက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
မောင်တက်လမ်း