ဝက်လက် မတ် ၁၅
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးရှေ့တွင် တိပိဋိက ဆရာတော်ဘုရားကြီး၏ အရိုးဂူဗိမ္မာန် ရေရရှိရေးအတွက် ပိုက်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ တိပိဋိကဆရာတော် ဘုရားကြီး၏ အရိုးဂူဗိမ္မာန် တည်ဆောက်နေရာတွင် ရေရရှိရန် အတွက် ပိုက်နှင့်အလှူငွေ လိုအပ်နေသည့်အတွက် ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ ပူးပေါင်းကာ ၂ လက်မ PVC 50 GO တစ်လုံးလျှင် ငွေကျပ် ၂၂၀၀၀ ကျပ်နှုန်း ဖြင့် ပိုက် ၂၈ လုံး တန်ဖိုးငွေ ၆၁၆၀၀၀ ကျပ် နှင့် ရေပိုက် သွယ်တန်းရာတွင် အသုံးပြု ရန်အတွက် ငွေကျပ် ၆၅၅၀၀ ကျပ်၊ စုစုပေါင်း ၆၈၁၅၀၀ ကျပ်ကို အရိုးဂူဗိမ္မာန် တည်ဆောက်ရာတွင် တာဝန်ခံ ဆရာတော်ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အလှူရှင်များက ပေးအပ်လှူဒါန်း ကြကြောင်း သိရှိရပါသည်
စိုးစိုးလှိုင် ( ဝက်လက်)