တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် ဂန္ဓမာပန်းစိုက်ပျိုးရေး

မင်းဘူး   မတ်   ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ပန်းစိုက်တောင်သူ များသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပြင် ဂန္ဓမာပန်းများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချခြင်းဖြင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရ သည်။

ထိုကဲ့သို့ ဂန္ဓမာပန်းများ စိုက်ပျိုးရာတွင် ရွှေဝါဝင်း၊ လပ်ကီး၊ ရွှေစိမ်း၊ ငုရွှေဝါစသော ပန်းအမျိုးပေါင်းများစွ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ပန်းစိုက်တောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် ဂန္ဓမာပန်းများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက် တောင်သူများထံမှ သိရသည်။ ရှိသော်လည်း ရွှေဝါဝင်းပန်း တစ်မျိုးတည်းကိုသာ ရွေးချယ်၍ မြေအောက်ရေအသုံးပြုပြီး ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားကာ ပိုးကျသည့် အခြေအနေပေါ် မူတည်၍ ပိုးမွှားကာကွယ်ဆေးများ ပက်ဖျန်းပေးရကြောင်း ပန်းစိုက်ပျိုးရေး လုပ်ကိုင်သူများထံမှ သိရသည်။

ကျောက်တန်းကျေးရွာမှ ထွက်ရှိသော ပန်းများကို မကွေးဈေးနှင့် မင်းဘူးဈေးများသို့သွားရောက် ရောင်းချသည့်အပြင် ပန်းဝယ်လိုသူများက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူပါက ရောင်းချပေးကြောင်း ယခင်နှစ်က ပန်း ၁၀ ပင်တစ်စည်းလျှင် ငွေကျပ် ၁၀၀၀ ကျော် ရောင်းချ ရသော်လည်း ယခုနှစ်တွင် ပန်း ၁၀ ပင်စည်း တစ်စည်းလျှင် ငွေကျပ် ၇၀၀ ဖြင့်သာ ရောင်းချရကြောင်း ငွေကျပ် ၆၀၀၀၀၀ ဖြင့်ရင်းနှီးစိုက်ပျိုးကာ ပန်းဈေးကျသော်လည်း နေ့စဉ် ရက်ဆက် ရောင်းနေရပြီး လက်ထဲငွေရွှင်နေသဖြင့် အဆင်ပြေနေပါကြောင်း ကျောက်တန်း ကျေးရွာမှ ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ ကိုညီညီမင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော ကျေးရွာ ဖြစ်ပြီး ဂန္ဓမာပန်းအပြင် ငှက်ပျော၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ပဲကြီးနှင့် အခြား ဟင်းသီးဟင်းရွက် သီးနှံ များလည်းစိုက်ပျိုးကြကြောင်း သိရသည်။           

ဇေယျာထက်(မင်းဘူး)