မော်လမြိုင်ကျွန်း မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများ၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းသည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိ၊ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတို့အား (၂၀၁၉)ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)နှင့်၊ ပုဒ်မ(၄၃)တို့အား သိရှိလိုက်နာစေရေး ကွင်းဆင်းစောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်အောင်