မြောင်းမြ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေ ရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယကများ ဖြစ်ကြသည့် ဦးခင်စိုး (မောင်ပညာ) နှင့် ဦးကျင်စိုး (မောင်လှိုင်းသစ်- ချစ်စရာမြေ) တို့က စာဖတ်ဝိုင်း အဖွင့်အမှာစကားများ ပြောကြားကြပြီးနောက် Book Club ဥက္ကဋ္ဌ ဦးညီညီဌေး က စာရေးဆရာမ ပေါက်ပေါက်၏ “စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာ” စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေ မြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။
ယခုလို စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြောင်းမြ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
ခင်ရူပါအေး