ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်း အဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ဇလွန် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်း အဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျုံရှကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျုံရှကျေးရွာအုပ်စု ရွာသစ်ကျေးရွာသည် ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်ပြီး အဆိုပါကျေးရွာအား မြို့နယ်မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်း၍ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းပေးခဲ့ပြီး ရွာသစ်ကျေးရွာသည် အိမ်ခြေ (၈၆)အိမ် လူဦးရေ (၄၀၅)ဦးဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ စည်းမျဉ်း စည်းကမ်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)