ပြည် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးမှု လျာထားချက်ထက် ဧက ၆၀၀ ကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ သည်။
ပြည်မြို့နယ်၏ ယခုနှစ်နွေစပါးစိုက်ပျိုးရန် ဒေသလျာထားချက်မှာ ၁၃၈၃၆ ဧကဖြစ်ကြောင်းနှင့် လက်ရှိတွင် ယနေ့အထိ နွေစပါး ၁၄၅၁၀ ဧကစိုက်ပျိုးထားပြီးဖြစ်၍ လျာထားချက်ထက် ၆၇၄ ဧက ကျော်လွန်စိုက်ပျိုးနိုင်ကြောင်းနှင့် ယခုလကုန်အထိ ဆက်လက်ထပ်မံ စိုက်ပျိုးသွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။
ပြည်မြို့နယ်တွင် ယမန်နှစ်က နွေစပါး ဒေသလျာထားချက်နှင့် စီမံကိန်းလျာထား ချက် ၉၇၁၅ ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်း "ရတနာတိုး၊ နယူးဧရာ၊ ထိုင်းနှံကောက်၊ သက်တမ်းတိုဧရာမင်း" အစရှိသည့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များဖြင့် ဒေသလျာထားချက် ပြည့်မီ ကျော်လွန်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)