မေတ္တာမြို့၌၊ ကလေးငယ်များအား စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်အသိပညာပေး ဟောပြောပွဲများ ပြုလုပ်

မေတ္တာ  မတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမ၌ ကလေးငယ်များအား စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့  မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့သို့​​ဆောင်ရွက်ရာတွင် မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-(၃)​၊ဒေါ်အေးအေးချိုက မေတ္တာ(အ-ထ-က) ကျောင်းမှ ကျောင်းသား/သူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ ကျောင်းသား /သူများအား ငယ်စဉ်အခါမှစ၍ စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရှိလာစေရန်နှင့် ကျောင်းသားလူငယ်​​များ၏ အနာဂတ်အတွက် လူရည်လူချွန်များ ဖြစ်လာစေရန် ရည်ရွယ်ခဲ့ကြောင်း အသိပညာပေး ဆွေနွေးခဲ့ပြီး ဆက်လက်၍ ကျောင်းသား/သူများအား စိတ်ကြိုက်ပန်းချီဆွဲ​ခြင်းမကျင်းပခင် စိတ်ကြိုက်ပန်းချီဆွဲခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကလေးငယ်များအား ဉာဏ်ရည် ဉာဏ်သွေးများ ဖွံဖြိုးမှုရှိစေရန်၊ ကိုယ်ပိုင်အ​တွေးအခေါ်ဉာဏ်များဖြင့် ထိုးထွင်းကြံဆတတ်စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၅)ဦးမှ စိတ်ကြိုက်ပန်းချီဆွဲ​ခြင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။ အဆိုပါစိတ်ကြိုက် ပန်းချီ​ပြိုင်ပွဲကို မေတ္တာ(-အ-ထ-က) ကျောင်းမှ ဆရာ/ဆရာမများနှင့် အလယ်တန်း အဆင့်ကျောင်းသား/သူ (၁၅)ဦး တက်ရောက်၍အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးပြီး စာအုပ်စာစောင်များအား ခင်းကျင်းပြသပေးခြင်း၊ နံရံကပ်စာစောင်များအား ပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)