သာယာဝတီ မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီကျန်းမာရေး ဝန်ထမ်းများက လာရောက်ထိုးနှံသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောက်ရွက် ပေးလျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သန့်ဇော်(သာယာဝတီ)