ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ   မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။    

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက သင်္ကြန်ပိတ်ရက်များဖြစ်သည့် ဧပြီလ ()ရက်နေ့မှ(၁၇)ရက်နေ့ အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ခေတ္တရပ်နား ထားနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန် ကျန်ရှိသူများအား ပိတ်ရက်များရှိသည့်အတွက် ယခုရက်များတွင် ကာကွယ်ဆေးများ ထိုးနှံကြစေရေး စည်းရုံးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး ဆောင်ရွက်ထားမှုများကို စစ်ဆေးပြီး ဆုရရှိသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းများအလိုက် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် သက်ဆိုင်ရာကျောင်းများတွင် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့်   တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအားရှင်းလင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက မြေပြင်ရှိ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းလုပ်ငန်းများကို မတ်လကုန်အတွင်း အပြီးကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အချိန်နှင့်တပြေးညီ ပြီးစီးရေး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အေဇာလင်း(ပြန်/ဆက်)