ကျိုက်ဒုံ မတ် ၁၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ စည်ပင်သာယာရေး အဖွဲ့များ၊ တာဝန်ရှိသူများ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီက မြို့မစျေးတွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးခြင်းနှင့် (Mask Champaign) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးခြင်းနှင့်( Mask Champaign) ပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်မှ ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း(Mask)များစနစ် တကျ တပ်ဆင်ကြရန်၊ မိမိတို့၏ လက်ကို မကြာခဏဆပ်ပြာရည်၊ လက်သန့်စင်ရည်များဖြင့် စနစ်တကျ ဆေးကြောကြရန်၊ ဂရုပြုသွားလာနေထိုင်ရမည့် နည်းလမ်းများ အသိပညာပေး ပြောကြားခဲ့ပြီး စျေးရောင်းစျေးဝယ်နေကြသည့် စျေးသူစျေးသားများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)