ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးထိုးနှံပြီးစီးရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အိမ်တိုင်ရာရောက် ဆက်လက်ထိုးနှံပေး

ဆင်ပေါင်ဝဲ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးထိုးအဖွဲ့(၁၀)ဖွဲ့သည် မတ်လ ၇ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ညအိပ် ကွင်းဆင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ယနေ့  နံနက် ၇ နာရီအချိန်မှစ၍ အဆိုပါ ကာကွယ်ဆေး ထိုးအဖွဲ့များသည် ကျွန်းကျေးရွာအုပ်စု၊ ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာအုပ်စု၊ မြောက်မီးကုန်း ကျေးရွာ အုပ်စု၊ ဂွေးတောက်စမ်းကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)