ကမမောင်းမြို့၌၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၇၆)ဦး ဝင်ရောက်ဖြေဆိုမည်

ကမမောင်း    မတ်လ   ၁၄

၂၀၂၁-၂၀၂၂   ပညာသင်နှစ်အတွက်   တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၃၁ ရက်နေ့တွင်  စတင်ကျင်းပမည် ဖြစ်ပါသည်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ ကျောင်းသူ   (၁၇၆ ) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့ပညာရေးမှူးရုံးမှ သိရသည်။

ကမမောင်းမြို့တွင် တက္ကသိုလ်ဝင် စာစစ်ဌာနအဖြစ် အ.ထ.က ကမမောင်းစာစစ်ဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းတွင်း‌ဖြေနှင့် ပြင်ပ‌ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၆) ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲအလိုက် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း မြို့ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ  အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်အေး( ပြန်/ဆက်)