အိမ်မဲမြို့နယ် Community Centre ခန်းမတွင် (၇၇)နှစ်မြောက် တပ်မ‌တော်နေ့ အထိမ်းအမှတ်အကြို ပုံပြင် ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

အိမ်မဲ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ‌ပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပေးခဲ့ပြီး စိတ်ကြိုက်ပုံပြင် ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့မ(၁)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ခင်းကျင်းပြသခဲ့ရာ ကျောင်းသားကျောင်းသူလေးများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်