မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေး

မင်းတုန်း မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နာ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးရွာများသို့ ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ တကောင်းနက်ကျေးရွာ၊ လယ်ကြီး ဒေါင့်ကျေးရွာ၊ တပ်ကျေးရွာနှင့် ဒလယ်ပြင်ကျေးရွာတို့တွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်မင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းတို့က ကာကွယ်ဆေးထိုနှံရန် မကျန် ရှိရအောင် ကွင်းဆင်းကြီးကြပ်ခဲ့ကြသည်။ ယနေ့တွင် အဆိုကျေးရွာ(၄)ရွာ၌ လူဦးရေ(၆၅၀)ဦး ထိုးနှံပေး သွားမည်ဖြစ်သည်။

မင်းတုန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး Community Phase တွင် ဆေးထိုးရန်အကျုံးဝင်သူ လူဦးရေ (၄၈၅၇၃)ဦး ရှိသည့်အနက် အကြိမ်ပြည့် ကာကွယ်ဆေးထိုးပြီးလူဦးရေ (၃၁၉၀၈)ဦး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ်ထိုးရန်ကျန်ရှိသူ (၂၈၈၄)ဦး နှင့် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသူ (၁၃၇၈၁)ဦး ကျန်ရှိပြီး School Phase တွင် ကာကွယ်ဆေးထိုးရန် အကျုံး ဝင်သူ လူဦးရေ(၂၂၆၇)ဦး ရှိသည့်အနက် (၂၁၂၃) ဦးအား ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်