ပေါက်ခေါင်း မတ် ၁၄
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်ပေါင်း (၅၀၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း(၁၅၀၀၀)၊ ယူကလစ်(၁၂၅၀၀)၊ မန်ဂျန်ရှား(၁၇၀၀၀)နှင့် အခြား အရိပ်ရ လေကာပင်များဖြစ်သော ယင်းမာ(၁၀၀၀) ရေတမာ(၁၀၀၀)၊ ဗန်ဒါ(၆၀၀)၊ ပိတောက်(၂၀၀)၊ ပျဉ်းအတိုး(၇၀၀)၊ စိန်ပန်းကြီး(၂၀၀)၊ ပျဉ်းမ(၁၀၀)၊ ကုလားကုက္ကို(၃၀၀)၊ မယ်ဇယ်(၃၀၀)၊ ကသစ်(၅၀၀)နှင့် ပြည်လုံးချမ်းသာ (၃၀၀)တို့ကို သစ်တောဦးစီးဌာန မြို့မ ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိပြီး၊ မိုးရာသီဇွန်လဆန်းတွင် သစ်ပင် စိုက်ပျိုးမည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)