ရွှေတောင် မတ် ၁၄
ရွှေတောင် မြို့နယ် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအလိုက် ယမန်နေ့ နံနက်ပိုင်းက လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများ၊ ခရိုင်မီးသတ်ဦးစီးမှူး၏ ထပ်ဆင့်လမ်းညွှန်မှုများကို ခံယူ၍ ရွှေတောင် မြို့နယ် မီးသတ်ဦးစီးမှူးရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေ မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာနယ်မြေဒေသများအလိုက် မီးဘေးအသိ/ သတိရှိ စေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရေရွှေတောင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)