အုတ်တွင်း မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း လိမိတက်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်သစ်များ၊ အသင်းစားရင်းစစ် အဖွဲ့ဝင် အသစ်များ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း လိမိတက်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြောင်းနှင့် ဒါရိုက်တာ၊ အမှုဆောင်အဖွဲ့ဝင် အသစ်များ ရွေးချယ်ပြီး လုပ်ငန်းတာဝန်များ ခွဲဝေခြင်းနှင့် ကတိသစ္စာခံယူခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလိမိတက်၏ အသင်းသားများအား ငွေကျပ်သိန်း (၄၀) ခန့်ကို တာဝန်ရှိသူများက အသီးသီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနရုံးမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)