တောင်ငူ မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မီးလောင်လွယ်ကူသည့် ပူပြင်းခြောက် သွေ့ကာလ ရောက်ရှိလာသောကြောင့် မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ်လ (၃၂) ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်မီးသတ်စခန်းမှ မြို့နယ်အတွင်း မီးဘေး ကြိုတင်ကာကွယ်နိုင်စေရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဌေး ဦးဆောင်ကာ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ် နိုင်စေရန် မီးချိတ်မီးကပ်များ၊ လှေကားများ ဆောင်ရွက်ထားရှိကြပါရန်၊ နေအိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များ ရှင်းလင်းထားရန်၊ ထမင်းဟင်း ချက်ပြုတ်ရာတွင် မီးကြွင်းမီးကျန်များ ဂရုစိုက်ကြရန်၊ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်းညှိရာတွင် ဂရုစိုက်ကြပါရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်းရောင်းချခြင်း မပြုလုပ်ရန်၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းအသုံးပြုကြရန် စသည့်တို့အား သတိပေးနှိုးဆော်ကာ နေအိမ်များအား မီးဘေးလုံခြုံမှု ရှိရေး စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)