ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် Box Culvert ပြုလုပ်ခြင်း စတင် အကောင် အထည်ဖော် ဆောင်ရွက်

ပိုင်ကျုံ  မတ်  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူ စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၂.၄၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် Box Culvert ပြုလုပ်ခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်‌နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အရှည်(၂၀)ပေ၊ အကျယ်(၃)ပေ(၆)လက်မ၊ ထု (၃) ပေရှိ Box Culvert ပြုလုပ်ခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေး လာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌လာမည် ဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး