ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ပလောက်  မတ်  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်-မြိတ် ပြည်ထောင်စုကား လမ်းမ ကြီး၌ ဖြတ်သန်း သွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ မိဘပြည်သူများ အားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့်ကာကွယ် ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က ပလောက်မြို့ တံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ် ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိသူများကိုသာ ဖြတ်သန်း သွားလာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူ ခရီးသွားပြည်သူများကို အထိုင်ချစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်