အမာ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာရည်ချွန်ဆုပေးပွဲတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်ခဲ့သောကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာမများကို ဆုများပေးအပ်ခြင်းဖြစ်ရာ အခမ်းအနားတွင် အမာနယ်မြေရဲစခန်းမှူး ရဲအုပ် တင်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းမှ ဆုပေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ အမာမြို့ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)