ကဝ မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း သရုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့ညနေ (၃:၀၀)နာရီက မြို့မဈေးကြီးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသရုပ်ပြသခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျရှိစေရေး၊မီးသတ်ဆေးဗူး ကိုင်တွယ် အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက် ထားရှိရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များက အသိပညာပေးသရုပ်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)