​ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကော့ကရိတ် မတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယ​​နေ့နံနက်ပိုင်းက အဆိုပါရုံး  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ​ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​​ထောက်ညွန်ကြား​ရေးမှူး​ဒေါ်ခင်လေးနွယ်က ဌာန၏ လုပ်ငန်းဆောင်ရွက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေး အလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမား များနှင့် ကျောင်းပညာရေး၊ ကလေး အလုပ်သမား များ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃) ရပ်စသည့် ကလေး အလုပ်သမားနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို    အသိပညာပေး ဟောပြောခဲ့သည်။

ယင်း​နောက်​ တက်​ရောက်လာကြသည့် ကျောင်းသူ​၊ ကျောင်းသားများကို က​လေးအလုပ်သမား ပ​ပျောက်​ရေးဆိုင်ရာ ဒေါန​မြေလက်ကမ်းစာ​စောင် ဖြန့်​​​ဝေ​ပေးခြင်းနှင့် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာမှတ်သားခြင်းတို့ ပြုလုပ်​ဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာ​ပေး​ဟော​ပြောပွဲသို့ အထက (​ချောင်း​တောင်) ​ကျောင်းမှ မူလတန်း​ကျောင်းသူ​ကျောင်းသား များ တက်​ရောက်ကြ​ကြောင်း သိရှိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)